ရှုးပွဲမရှိသေးတဲ့ ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား မိုဆက်အီသူမာဟာ လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့ ဆော်ဒီနိုင်ငံ ရီယက်ဒ်မြိုမှာ ဒါလီယန်ဝှိက်နဲ့ ထိုးသတ်မှာ ဖြစ်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ အီသူမာဟာ ဗြိတိန်ရဲ့ ထွန်းထောက်လာမယ့် လူငယ် လက်ဝှေ့သမားအဖြစ် နာမည်ကြီးနေတာ ဖြစ်ပြီး ပရိုကစားသမားအဖြစ် ပြောင်းလဲပြီးနောက် ၁၂ ပွဲထိုးသတ်ရာမှာ ၁၀ ပွဲက ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။အသက် ၃၇ နှစ်အရွယ် ဒါလီယန်ဝှိက်ကတော့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို စိန်ခေါ်နိုင်သူဖြစ်ခဲ့ပြီး ပရိုကစားသမားဘဝ ၃၄ ပွဲမှာ ၃၁ ပွဲအထိအနိုင်ရထားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် လူငယ်လက်ဝှေ့သမားဖြစ်တဲ့ အီတူမာအတွက် ဝါရင့် ဒါလီယန်ဝှိက်နဲ့ပွဲစဉ်က ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရျှိနပါတယ်။ ရှုးပွဲမရှိသေးတဲ့ အီတူမာအနေနဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိမရှိဆိုတာကို ဒါလီယန် ဝှိက်နဲ့ ပွဲမှာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။အီတူမာကတော့ ဝှိက်နဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်သလို အနိုင်ရမယ်ဆိုတာကိုလည်း ယုံကြည်ချက်အပြည့်ရှိတယ်လို ပြောထားပါတယ်။