IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ဗြိတိန်လက်ဝှေ့သမားတွေဖြစ်ကြတဲ့ ဂျော့ရှူအာနဲ့ ဒူဘော့စ်တို စိန်ခေါ်ပွဲထိုးသတ်မှာဖြစ်တယ်လို ပွဲစီစဉ်သူတွေက ဇွန်လ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
IBF ဟဲဗီးဝိတ် တန်း လက်ရှိချန်ပီယံဖြစ်တဲ့ ယူကရိန်းနိုင်ငံသား အူဆက်ခ်က ချန်ပီယံဆုကို လက်လွှတ်မှာဖြစ်တယ်လို ပြောကြား ခဲ့ပြီးနောက် ချန်ပီယံလုပွဲကို အခုလိုမျိုး တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
အူဆက်ခ်ကတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီနဲ့ မကျေပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံသား ဂျော့ရှုအာ ဟာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာ အူဆက်ခ်ကို ၂ ကြိမ်ဆက် ရှုးနိမ့်ခဲ့ ပြီးနောက် ကမ္ဘာ့ချန်ပီယံဆုတွေကို လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။
ဒူဘော့စ်ကတော့ အခုလ အစောပိုင်းက ထိုးသတ်ခဲ့တဲ့ပွဲမှာ ခရိုအေးရှားနိုင်ငံသား ဟာဂိုဗစ်ကို အနိုင်ယူပြီး IBF ရဲ့ ယာယီဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့ တာပါ။ ဂျော့ရှူအာနဲ့ ဒူဘော့စ်တိုရဲ့ ချန်ပီယံဆုစိန်ခေါ်ပွဲကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ လန်ဒန်မြိုက ဝင်ဘလေကွင်းမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။
