ပြီးခဲ့တဲ့လက မာစတာပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား မက်အီရွိုင်းဟာ အခုတစ်ပတ်ထဲ ကျင်းပမယ့် PGA ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ မက်အီရွိုင်း ကိုယ်တိုင်ကလည်း မာစတာပြိုင်ပွဲက လက်စွမ်းကောင်းကို PGA ပြိုင်ပွဲမှာ ဆက်ထိန်းထားပြီး ချန်ပီယံဆု ရယူဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောထားပါတယ်။

ဖိအားနည်းနည်းနဲ့ သက်သောင့်သက်သာ ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားပြီး PGA ပြိုင်ပွဲ ကျင်းပမယ့် ဂေါ့ဖ်ကွင်းကလည်း သူနှစ်သက်တဲ့ ကွင်း ဖြစ်ပါတယ်လို့ မက်အီရွိုင်းက ပြောထားပါတယ်။ အသက် ၃၆ နှစ်အရွယ် မက်အီရွိုင်းဟာ ကစားသမားဘဝ အဓိကဆုဖလား ၅ ခုအထိ ရရှိထား သလို PGA ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

မက်အီရွိုင်း နောက်မှာတော့ လက်ရှိ ကမ္ဘာ့အဆင့်-၁ အမေရိကန်နိုင်ငံသား ရှက်ဖလာနဲ့ ဒီချမ်ဘီယူတို့က ချန်ပီယံဆုရဖို့ အတွက် ရေပန်းစားနေပါတယ်။ PGA ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ မေလ ၁၅ ရက်ကနေ ၁၈ ရက်အထိ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ် ချာလော့တီမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။