နံရိုးဒဏ်ရာကြောင့် ၂ လကြာ အနားယူခဲ့ရပြီးနောက် ပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်တော့မယ့် အမေရိကန် ဂေါ့ဖ်သမား ရှက်ဖယ်လီက ပြိုင်ပွဲတိုင်းကို အနိုင်ယူဖို့အတွက် ယုံကြည်ချက်အပြည့်ရှိတယ်လို့ ပြောသွားခဲ့ ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှယ်ဖယ်လီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက မေဂျာပြိုင်ပွဲတွေဖြစ်တဲ့ PGA ချန်ပီယံရှစ်နဲ့ The Open (သည်အိုးပင်း) ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာ စတင်မယ့် မာစတာပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။

ရှက်ဖယ်လီအနေနဲ့ မာစတာ ပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့အတွက် ကမ္ဘာ့အဆင့်-၁ ဖြစ်သလို မာစတာပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ရှက်ဖလာနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေတာပါ။ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည်သက်သာလာပြီးနောက် ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိတယ်လို့ မာစတာပြိုင်ပွဲအကြိုမှာ ရှက်ဖယ်လီက ပြောသွားခဲ့ပါတယ်။ မာစတာပြိုင်ပွဲမှာ ရှက်ဖယ်လီအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မှုအဖြစ် ၂၀၁၉ ပြိုင်ပွဲ တုန်းက ဒုတိယနေ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အဲဒီတုန်းကထက် ပိုကောင်းတဲ့ရလဒ်မျိုးကို ရယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။