အသေးစားပခုံးဒဏ်ရာကြောင့် အမေရိကန်ဂေါ့ဖ်သမား မစ်ကယ်ဆန်ဟာ အခုတစ်ပတ်ထဲ ကျင်းပမယ့် လစ်ဗ် ဂေါ့ဖ်စီးရီးရဲ့ ရာသီအဖွင့်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် မစ်ကယ်ဆန်ဟာ Gym ခန်းမမှာ လေ့ကျင့်မှုပြုလုပ်ရင်း ပခုံးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဆော်ဒီမှာကျင်းပမယ့် ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့်ထွက်သွားခဲ့တဲ့ မစ်ကယ်ဆန်ရဲ့ နေရာမှာ အခြားအမေရိကန်ဂေါ့ဖ်သမားပဲဖြစ်တဲ့ ရှနိုက်ဒါဂျန်က အစားထိုး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။

ရာသီအဖွင့်ပွဲကို လွဲချော်ရမှာ ဖြစ်တဲ့အတွက် စိတ်ပျက်မိပေမဲ့ နောက် တစ်ပတ်ထဲ ဩစတြေးလျနိုင်ငံ အဒီလိုင်ဒီမြို့မှာကျင်းပမယ့် ပြိုင်ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်ဖို့ မျှော်လင့်ထား တယ်လို့ မစ်ကယ်ဆန်က ပြောထားပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှနိုက်ဒါဂျန်ကတော့ ပြီးခဲ့တဲ့နှစ် ရာသီသိမ်း ပိုင်းမှာ ပြိုင်ပွဲအချို့ လွဲချော်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ လစ်ဗ်ဂေါ့ဖ်စီးရီးရဲ့ ပွဲစဉ် ၁၀ ပွဲကို ပါဝင်ယှဉ်ပြိုင်ထားခဲ့ဖူးသူ ဖြစ်ပါတယ်။