အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ နေအိမ်အတွင်းလေ့ကျင့်မှုပြုလုပ်ရာမှာ ဖနောင့်ဒဏ်ရာရခဲ့ပြီး ခွဲစိတ် ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ အဓိကဆုဖလား ၁၅ လုံးရရှိထားတဲ့ တိုက်ဂါးဝုဒ်အနေနဲ့ ပြန်ကစားနိုင်မယ့် ရက်ကို အတိအကျမသိရသေးသလို ဧပြီလ ၁၀ ရက်မှာစတင်မယ့် မာစတာပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ကလည်း မသေချာတော့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲက ပီဂျီအေတိုးပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် တိုက်ဂါးဝုဒ်ဟာ အော်ဂတ်စတာမှာကျင်းပမယ့် မာစတာပြိုင်ပွဲမှာ ပြန်လည်ယှဉ် ပြိုင်နိုင်ဖို့ကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတွေပြန်ကစားနိုင်ဖို့အတွက် နေအိမ်အတွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတုန်း ဘယ်ဖက်ဖနောင့်နာကျင်မှုကို ခံစားခဲ့ရတာဖြစ်ပြီး ဒီမနက်ပိုင်းမှာတော့ အသေးစားခွဲစိတ်မှုပြုလုပ် ခဲ့ရတယ်လို့ တိုက်ဂါးဝုဒ်က ပြောပါတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ပြောကြားချက်အရ တိုက်ဂါးဝုဒ်ရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး သိပ်မကြာခင်မှာ ပြိုင်ပွဲတွေပြန်ကစားနိုင်ဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုကို ပြန်လည်ရရှိမှ