ဇွန်လ ၁၂ ရက်နေ့မှာစတင်မယ့် ယူအက်စ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ အမေရိကန်နိုင်ငံသား ဒီချမ်ဘီယူက ပြောကြားလိုက်ပါတယ်။ ဒီချမ်ဘီယူဟာ နောက်ဆုံးကစားခဲ့တဲ့ မေဂျာပြိုင်ပွဲ ၁၂ ခုအနက် ပြိုင်ပွဲ ၇ ခုမှာ ထိပ်ဆုံး ၁၀ ယောက်အတွင်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆက်ထိန်းပြီး ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံသား ကိုအပ်ကာ နောက်ပိုင်း ယူအက်စ်အိုးပင်းချန်ပီယံဆုကို ၂ နှစ်ဆက် ရယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ကို ဒီချမ်ဘီယူ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ဒီချမ်ဘီယူဟာ အခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် မြောက်အိုင်ယာလန်နိုင်ငံသား မက်အီရွိုင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ မက်အီရွိုင်းကတော့ အခုနှစ် မာစတာပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဂေါ့ဖ်အားကစားရဲ့ မေဂျာပြိုင်ပွဲ ၄ ခုစလုံးကို အနိုင်ရသူတွေထဲမှာ တစ်ယောက်အဖြစ် ပါဝင်ခွင့်ရလာခဲ့သူ ဖြစ်ပါတယ်။ ယူအက်စ်အိုးပင်းမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်လေ့ကျင့်ထားတယ်လို့ အခုပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ရရှိထားတဲ့ ဒီချမ်ဘီယူက ပြောသွားခဲ့ပါတယ်။