ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပရီးမီယားလိဂ်မှာ ထိပ်ဆုံး လေးသင်းအတွင်း ဝင်ခွင့်ရရေးကို ပစ်မှတ်ထား အာရုံစိုက်ရတော့မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်း ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး- ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

ဒါဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် လက်ကျန် ၁၃ ပွဲမှာ ရလဒ်ကောင်းတွေရယူပြီး ရာသီအကုန်မှာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ ပစ်မှတ်ထားရတော့မှာဖြစ်ပါတယ်လို့ ဂွါဒီယိုလာက ပြောသွားခဲ့ ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ ၁၇ မှတ်ထိ ကွာဟနေတာ ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့က မဖြစ်နိုင်တော့ဘဲ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကသာ အဓိက ပစ်မှတ်ဖြစ်ပါလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။ မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးညက ရီးရဲလ်အသင်းနဲ့ပွဲကို လွဲချော်ခဲ့တဲ့ တိုက်စစ် မှူး ဟာလန်းကလည်း လီဗာပူးနဲ့ပွဲမှာ လွဲချော် ဖွယ်ရှိနေပါတယ်။