အာဆင်နယ်နောက်ခံလူ တင်းဘားက အခုဘောလုံးရာသီမှာ ကစားရမယ့် ပွဲစဉ်တွေ များပြားနေတာက ကစားသမားတွေအတွက် အခက်တွေ့ရတယ်လို့ စက်တင်ဘာလ(၃၀)ရက်နေ့က ပြောကြားခဲ့ပါတယ်။
အခုဘောလုံးရာသီမှာ ကစားရမယ့်ပွဲစဉ်တွေ များပြားလာတာကြောင့် ကစားသမားတွေဟာ တရားဝင် ဝေဖန်ပြောဆိုမှုတွေ ရှိလာခဲ့ကြတာဖြစ်ပြီး အာဆင်နယ်နောက်ခံလူ တင်းဘားကလည်း အခုအချိန်မှာ သူ့ရဲ့အမြင်ကို ပြောကြားလာခဲ့တာပါ။
တင်းဘားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ထားခဲ့ရသူဖြစ်ပြီး အခုလိုမျိုးပွဲစဉ်တွေ များပြားလာတာက ကစားသမားတွေအတွက် ဒဏ်ရာရဖို့ ရာခိုင်နှုန်းပိုများလာတာကြောင့် စိတ်ပျက်မိတယ်လို့ တင်းဘားက ပြောကြားခဲ့ပါတယ်။
ရိုဒရီအပါအဝင် ပရီးမီးယားလိဂ်ကစားသမားတွေဟာ ပွဲစဉ်များပြားလာတဲ့အပေါ် အခုဘောလုံးရာသီမှာ ဝေဖန်ခဲ့ကြတာဖြစ်ပြီး တင်းဘားက သူတို့တွေရဲ့ခံစားချက်ကို နားလည်ပြီး ကစားသမားတွေဘက်က ထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။