ကြာသပတေးညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ကာတာလန် ဒါဘီပြိုင်ဘက် အက်စ်ပန်ညို အသင်းကို အနိုင်ရ ပြီးနောက် ဘာစီလိုနာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ၂၈ ခုမြောက် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ ပါတယ်။ အနိုင်ရတာနဲ့ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်လို့ ဘာစီလိုနာအသင်း လူစုံထုတ်ကစားခဲ့သလို အက်စ်ပန် ညိုကလည်း ဒါဘီပွဲစဉ်ဖြစ်လို့ ဘာစီလိုနာကို အခက်တွေ့အောင် ကစားသွားခဲ့ပါတယ်။

ပွဲချိန် ၅၃ မိနစ် ရောက်မှ သာ ဘာစီလိုနာအသင်းရဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် ယာမယ်က အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့တာပါ။ ယာမယ်ဟာ အခုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲပြီးကာနီးမှာ သွင်းယူခဲ့တဲ့ လိုပက်ဇ်ရဲ့ သွင်းဂိုး ကိုလည်း ဖန်တီးပေးနိုင်ခဲ့လို့ အခုပွဲရဲ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဘာစီလိုနာ အသင်း ၂ ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ ဒုတိယနေရာက ရီးရဲလ်ကို ၇ မှတ် ဖြတ်ထားနိုင်ခဲ့လို့ အခုရာသီ လာလီဂါချန်ပီယံဆုရဖို့ သေချာသွားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အနေနဲ့လည်း ဘာစီလိုနာအသင်းနဲ့ ပထမဆုံးရာသီမှာပဲ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလား ၃ လုံးရရှိခဲ့တာဖြစ်လို့ စိတ်ကျေနပ်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ချန်ပီယံဆုဖလားတွေက အသင်းရဲ့ စိတ်ဓာတ်ကို ပိုမိုခိုင်မာစေသလို အသင်းလိုက်ယုံကြည်မှုတွေကိုလည်း တိုးမြှင့်စေပါတယ်လို့ အက်စ်ပန်ညိုအသင်းနဲ့ပွဲအပြီးမှာ နည်းပြဟန်ဆီဖလစ်ခ်က ပြောသွားခဲ့ပါတယ်။