၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စကော့တလန်လက်ရွေးစင်အသင်းနည်းပြအဖြစ်ကနေ ထွက်ဖို ၇၅ ရာခိုင်နှုန်း သေချာတယ်လို နည်းပြ စတိဗ်ကလာ့ခ်က ပြောကြားလိုက်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ကလာ့ခ်ဟာ စကော့တလန်အသင်းကို ယူရိုပြိုင်ပွဲ ၂ ကြိမ်ဆက်ဝင်ပြိုင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုလည်း ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဝင်ခွင့်ရဖို မျှော်လင့်နေတာဖြစ်ပါတယ်။ ကလာ့ခ်နဲ့ စကော့တလန် အသင်းတိုရဲ့ စာချုပ်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတိုက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲအပြီးမှာ ပြည့်မှာဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စကော့တလန်ဘောလုံးအဖွဲချုပ်နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်ဖိုက ၇၅ ရာခိုင်နှုန်း သေချာတယ်လို ကလော့ခ်က ပြောပါတယ်။ စကော့တလန်အသင်းဟာအခုလထဲမှာ နေးရှင်းလိဂ်ပလေးအော့ဖ်ပွဲအဖြစ် ဂရိအသင်းနဲ့ ၂ ကျော့ကစားဖိုရှိနေတာ ဖြစ်ပါတယ်။အခုနှစ် စက်တင်ဘာလထဲမှာ စတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွေမှာ စကော့တလန်အသင်းဟာ ပေါ်တူဂီ(သို) ဒိန်းမတ်၊ ဂရိ၊ ဘီလာရုစ်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက် နေပါတယ်။