ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဇွန်လကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ အဲရစ်ဒိုင်ယာ ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန် မြူးနစ်အသင်းအတွက် ၄၇ ပွဲသာ ကစားခွင့်ရခဲ့တဲ့ ဒိုင်ယာဟာ ဘိုင်ယန်အသင်းမှာ ဆက်နေခွင့်ကို ပယ်ချခဲ့ပြီး နောက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဒိုင်ယာဟာ ၂၀၂၄ ဇန်နဝါရီ မှာ ၆ လအငှားစာချုပ်နဲ့ ဘိုင်ယန်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်ချိန်မှာ ဘိုင်ယန်အသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မိုနာကိုအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်လို့ ဒိုင်ယာဟာ ၂၀၂၈ ဇွန်လအထိ ပြင်သစ်ကလပ်အတွက် ကစားပေးရတော့မှာဖြစ်ပြီး အလိုအလျောက် ၁ နှစ် သက်တမ်းတိုးခွင့်ကို လည်း သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။

ဒိုင်ယာဟာ အခုရာသီမှာ ကစား သမားဘဝ ပထမဆုံး ဆုဖလား ရယူနိုင်မှုအဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။ မိုနာကိုအသင်းရဲ့ လူမှုကွန်ရက်မှာ မိုနာကိုအသင်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ဒိုင်ယာက အသင်းသစ်နဲ့အတူ ပွဲထွက်ကစားဖို့ကို မစောင့်နိုင်တော့ပါဘူးလို့ ပြောထားပါတယ်။