ချဲလ်ဆီးတိုက်စစ်မှူး ဂျိုအိုဖီးလစ်ဟာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ အေစီမီလန်အသင်းကို ရောက်ရှိသွားခဲ့ပါ တယ်။ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဖီးလစ်ကို အငှားခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းကို ပေါင် ၅ သန်း ပေးခဲ့ရပြီး အပြီးသတ်ခေါ်ယူဖို့အတွက်တော့ သဘောတူညီချက်မပါဘူးလို့ သိရပါတယ်။

ဖီးလစ်ရဲ့ အပြောင်း အရွှေ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ ရက်အမီ တင်လိုက်နိုင်ပေမဲ့ အပြောင်းအရွှေ့သတင်းကိုတော့ ဖေဖော်ဝါရီလ ၄ ရက်မှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ ကြေး ပေါင် ၄၅ သန်းနဲ့ ၇ နှစ်စာချုပ် ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ဖီးလစ်ဟာ အခုရာသီ ချဲလ်ဆီး အသင်းအတွက် ပရီးမီးယားလိဂ် ၃ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရသလို ပုံမှန်နေရာ ရဖို့ကိုလည်း ရုန်းကန်နေခဲ့ရ တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကစားခွင့်ပိုရနိုင်မဲ့ အေစီမီလန်အသင်းကို သွားရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘင်ဖီကာအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ ဖီးလစ်ဟာ ၂၀၁၉ မှာ အက်သလက် တီကိုအသင်းကို ပေါင် ၁၁၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတွေဆီ အငှားထွက် ကစားခဲ့ရပြီး ၂၀၂၄ မှာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။