နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပီအက်စ်ဗီအသင်းနောက် ဒုတိယနေရာသာ ရခဲ့တဲ့ အေဂျက်ဇ် အသင်းနဲ့ နည်းပြဖာရီအိုလီတို့ လမ်းခွဲလိုက်ကြပြီလို့ အတည်ပြုခဲ့ပါတယ်။

အေဂျက်ဇ်အသင်းဟာ အခုရာသီ နယ်သာလန်လိဂ်ပြီးဆုံးဖို့ ၇ ပွဲသာ လိုတော့တဲ့အချိန်မှာ ဒုတိယနေရာက အသင်းကို ၉ မှတ်ဖြတ်ထားပြီး ဦးဆောင်သူ ဖြစ်ခဲ့ပေမယ့် ရာသီအကုန်မှာတော့ ပီအက်စ်ဗီအသင်းက ၁ မှတ်အသာနဲ့ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် အီတလီလူမျိုးနည်းပြ ဖာရီအိုလီဟာ အေဂျက်ဇ်အသင်းကို အခုရာသီ မစခင်မှာ ၃ နှစ် စာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့် ဘောလုံးရာသီ တစ်ခုသာ တာဝန်ယူခဲ့ပြီးနောက် လမ်းခွဲသွားခဲ့တာ ဖြစ်ပါ တယ်။

သူနဲ့ အသင်းတာဝန်ရှိသူတွေဟာ အေဂျက်ဇ်အသင်းအနာဂတ်အတွက် တူညီတဲ့ရည်မှန်းချက်တွေ ရှိခဲ့ပေမယ့် လုပ်ဆောင်ရမယ့် နည်းလမ်းတွေမှာတော့ အမြင်ကွဲပြားမှုတွေရှိနေတဲ့အတွက် အခုလိုမျိုး လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ နည်းပြ ဖာရီအိုလီက ပြောသွားခဲ့ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် စွမ်းဆောင် ရည်ကောင်းသလို နည်းပြကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အလားအလာကောင်းတွေလည်း ရှိတဲ့ ဖာရီအိုလီကို စီးရီးအေကလပ် အေစီမီလန်အသင်းအပါဝင် အီတလီကလပ်အသင်းအချို့က စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။