နယူးကာဆယ်အသင်းအနေနဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ အသင်းရဲ့ဘဏ္ဍာရေးအရှုံးကို လျှော့ချနိုင်ဖို့အတွက် တိုက်စစ်မှူး အီဆက်ခ်ကို ရောင်းချမယ်ဆိုရင် ရူးမိုက်ရာကျလိမ့်မယ်လို့ အသင်းစီအီးအို အာလက်စ်က ပြောသွား ခဲ့ပါတယ်။

ဘဏ္ဍာရေးရှင်းတမ်းအရ နယူးကာဆယ်အသင်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ပေါင် ၁၁ သန်း အရှုံးပေါ်ခဲ့ပြီး အဲဒီမတိုင်ခင်ဘောလုံးရာသီက ပေါင် ၇၁ သန်းကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နယူးကာဆယ်အသင်းဟာ လာမယ့်နွေရာသီမှာ အီဆက်ခ်ကို ရောင်းချရဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ အသင်းရဲ့ဘဏ္ဍာရေးအရှုံးပြနေတာကို လျှော့ချနိုင်ဖို့ လိုအပ် နေတာမှန်ပေမယ့် ကစားသမားရောင်းချပြီး လျှော့ချတဲ့နည်းလမ်းကိုတော့ ပြုလုပ်ဖို့လောက်အထိ မလိုအပ်ပါဘူး လို့ အာလက်စ်က ပြောသွားခဲ့တာပါ။

အခုရာသီ နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူပေးထားတဲ့ အီဆက်ခ်ကို အာဆင်နယ်နဲ့ လီဗာပူးအပါအဝင် ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။ အီဆက်ခ်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိထားသူလည်း ဖြစ်ပါတယ်။