မြန်မာဘောလုံးလက်ရွေးစင်အသင်းအနေနဲ့ အေအက်ဖ်စီ အာရှဖလား (၂၀၂၇)ခြေစစ်ပွဲအတွက် ပဏာမကစားသမား (၄၂)ဦး ရွေးချယ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာလက်ရွေးစင်သင်းဟာ အာရှခြေစစ်ပွဲအဖြစ် Group Fတွင်အာဖဂန်နစ္စတန်၊ပါကစ္စတန်၊ဆီးရီးယား အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

မြန်မာအသင်းအနေနဲ့အိမ်ကွင်းအဖြ စ်မတ်လ(၂၅)ရက်မှာ အာဖဂန်နစ္စတန်အသင်း၊ အောက်တိုဘာလ (၁၄)ရက်မှာ ဆီးရီးယားအသင်းတို့နဲ့ကစားရမှာဖြစ်ပြီး။ ကျန်ပွဲစဉ်တွေကို အဝေးကွင်းအဖြစ်သွားရောက်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းအတွက် ပြည်တွင်းလိဂ်ပြိုင်ပွဲတွေက ပဏာမကစားသမားအဖြစ်(၄၂)ဦးကို ရွေးချယ်ထားပြီး။ ကစားသမား(၂၅)ဦးကိုပြန်လည်ရွေးချယ်သွားမှာြဖစ်တယ်လို့သိရပါတယ်။

ခြေစစ်ပွဲပထမပွဲစဉ်မှာ ပြည်ပလိဂ်ပွဲစဉ်တွေနဲ့ AFC Challenge League ပွဲစဉ်တွေရှိနေတဲ့အတွက် ရှမ်းယူနိုက်တက်ကစားသမားတွေနဲ့ ပြည်ပလိဂ်တွေက ကစားသမားတွေဟာ လက်ရွေးစင်အသင်းနဲ့လာရောက်ပူးပေါင်းနိုင်ခြင်း မရှိပေမဲ့ နောက်ပွဲစဉ်တွေမှာတော့ ပူးပေါင်းပါဝင်လာမယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။