ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာ တော့မယ့် ညာနောက်ခံလူ အာနိုးကို ရာသီလက်ကျန်ပွဲတွေမှာ မလှောင်ပြောင်ဖို လီဗာပူး ပရိသတ်တွေကို တိုက်စစ်မှူးဆာလက်ရှ်က တောင်းဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးနဲ့ အာဆင်နယ် အသင်းတို ၂ ဂိုးစီသရေကျတဲ့ပွဲမှာ အာနိုးလူစားဝင်လာချိန်မှာ လှောင်ပြောင်မှုတွေကို ခံခဲ့ရပြီး လီဗာပူး အသင်းသားတွေအားလုံး အံ့အားသင့်ခဲ့ ကြရတယ်လို ဆာလက်ရှ်ကပြောပါတယ်။ ဒါက လီဗာပူးကို ၆ နှစ်သားထဲက ရောက်လာပြီး အသင်းမှာ နှစ်ပေါင်း ၂၀ လောက်ရှိနေခဲ့သူတစ်ယောက်အပေါ် ဆက်ဆံရမယ့် ပုံစံမဟုတ်ဘူးလိုလည်း ဆာလက်ရှ်ကပြောသွားခဲ့ပါတယ်။

ဒါ့ကြောင့် အာနိုးကို လှောင်ပြောင်မယ့်အစား ကောင်းမွန်တဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်သင့်ပါတယ်လို ဆာလက်ရှ်က ပရိသတ် တွေကိုတိုက်တွန်းသွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ တနင်္လာညမှာ ဘရိုက်တန် အသင်းနဲ့ ကစားရမှာဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာတော့ ရာသီပိတ်ပွဲအဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ကစားရဖိုရှိနေတာဖြစ်ပါတယ်။