အင်္ဂလန်လူငယ်နောက်ခံလူ လီဝစ် စကယ်လီက အာဆင်နယ်အသင်းနဲ့ ၅ နှစ်စာချူပ်သစ်ကို ချုပ်ဆိုပြီးနောက် အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ဖန်တီးချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ် စကယ်လီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ တာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ကစားခွင့်ရထားခဲ့တာဖြစ်ပါတယ်။

စကယ်လီရဲ့ လက်ရှိစာချုပ်က ၂၀၂၆ မှာ ပြည့်မှာဖြစ်သလို အရည်အသွေးရှိတဲ့ စကယ်လီကို ခေါ်ယူချင်တဲ့အသင်းတွေရှိလာတာကြောင့် အာဆင်နယ် အသင်းက အခုလိုစာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ကစားတဲ့ပွဲတိုင်းကို အနိုင်ရချင်ပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်စကယ်လီက ပြောသွားပါတယ်။ အာဆင်နယ်အကယ်ဒမီမှာ ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ စကယ်လီဟာ အသင်းကြီးကိုရောက်ရှိလာချိန်မှာတော့ ဘယ်နောက်ခံလူနေရာ မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

လာမယ့်နှစ်ပိုင်းအတွင်းမှာ သူ့ရဲ့အရည်အချင်းကို သက်သေပြဖို့ အတွက် ကြိုးစားသွားမှာဖြစ်သလို အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့လည်းမျှော်လင့်တယ်လို့ စကယ်လီက ပြောသွားပါတယ်။ မှတ်တမ်းတွေအရ စကယ်လီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပေးပို့မှု ၉၃ ရာခိုင်နှုန်းတိကျမှု ရှိခဲ့ပြီး PFA တစ်နှစ်တာ လူငယ်အကောင်းဆုံးဆု ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေပါတယ်။