အာဆင်နယ်အသင်း ဘယ်နောက်ခံလူ တီယာနေးကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ စကော့တလန်ကလပ် ဆဲလ်တစ်က အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တီယာနေးဟာ ၂၀၁၅ မှာ ပရိုကစားသမား ဘဝကို ဆဲလ်တစ်အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ရောက်ခါစမှာ ဘယ်ခြမ်းခံစစ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ တီယာနေးဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တာပါ။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာတော့ တီယာနေးဟာ စပိန်လာလီဂါကလပ် ဆိုစီဒက်အသင်းဆီကို တစ်ရာသီအငှားနဲ့သွားကစားခဲ့ရပြီး ဒဏ်ရာပြဿနာတွေကြောင့် တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံ ၂၆ ပွဲပဲ ကစားခဲ့ရပါတယ်။

အဲဒီနောက် ရာသီအကုန်မှာ အာဆင်နယ်အသင်းကို ပြန်ရောက်လာခဲ့ပြီး ရာသီလုံးမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ သာ ကစားခွင့်ရခဲ့ကာ ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကို ပြန်လာခွင့်ရတာက အိမ်ကို ပြန်ရောက် လာရသလိုပဲ ခံစားခဲ့ရပါတယ်လို့ တီယာနေးက ပြောသွားခဲ့ပါတယ်။