ဘက်တစ်တောင်ပံတိုက်စစ်မှူး အန်တိုနီရဲ့ အနီကတ်ကို ပယ်ဖျက်ပေးခဲ့တဲ့ ဒိုင်လူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ရီးရဲလ်အသင်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း ကစားခဲ့တဲ့ ရီးရဲလ်အသင်းရဲ့ ပွဲစဉ် တွေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရီးရဲလ်အသင်းဘက်က စောဒကတက်ထားချိန်မှာ အန်တိုနီ ရဲ့ အနီကတ် ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ကြောင်း ဆုံးဖြတ်ချက်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးတောင်ပံ တိုက်စစ်မှူး အန်တိုနီဟာ ဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် အနီကတ် ပြသခံခဲ့ရတာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနီကတ်ကို ပယ်ဖျက်ခံလိုက်ရ တဲ့အတွက် အန်တိုနီဟာ အခုတစ်ပတ်ကစားမယ့် ရီးရဲလ်အသင်းနဲ့ပွဲကို ပါဝင်ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ အိုဆာဆူနာအသင်းနဲ့ပွဲမှာ ဒိုင်လူကြီးကို ဆဲခဲ့တယ်ဆိုကာ အနီကတ် ပြခံရပြီးနောက် ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဘယ်လင်ဟမ်ရဲ့ အနီကတ်အယူခံဝင်မှုကို ပယ်ချခဲ့ပေမယ့် အန်တိုနီရဲ့အနီကတ်ကို ပယ်ဖျက်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်က ရီးရဲလ်အသင်းတာဝန်ရှိသူတွေကို စိတ်ပျက်စရာ ဖြစ်စေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။