ဂျူဗင်တပ်အသင်းအနေနဲ့ သူ့ရဲ့အနာဂတ်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အမြန်ဆုံး ဆုံးဖြတ်ဖို့ နည်းပြ တူဒေါက တောင်းဆိုသွားခဲ့ပါတယ်။ နည်းပြတူဒေါဟာ ပြီးခဲ့တဲ့မတ်လမှာ ဂျူဗင်တပ်နည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။သူဟာ ဂျူဗင်တပ်အသင်းကို ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းအတွင်း ရပ်တည်နိုင် အောင်စွမ်းဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။

တူဒေါနဲ့ ဂျုဗင်တပ်အသင်းရဲ့ စာချုပ်ထဲမှာ အသင်းက ဥရောပပြိုင်ပွဲ ဝင်ခွင့်ရခဲ့မယ်ဆိုရင် စာချုပ်သက်တမ်းကို အလိုအလျောက် တိုးခွင့်ရှိ တယ်လို့ ပါရှိပေမယ့် အသင်းဘက်က အခုချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြောတာမျိုး မရှိသေးတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်း ဒါရိုက်တာ ဂျီအန်တိုလီကတော့ တူဒေါကို ကာလရှည်တာဝန်ပေးဖို့ အစီအစဉ်မရှိဘဲ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိသာ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပြီး ဒီအခြေအနေကို တူဒေါက မပျော်မရွှင် ဖြစ်နေတာပါ။ ဒါ့ကြောင့်လည်း တူဒေါက သူ့အနာဂတ်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဆုံးဖြတ်ပေးဖို့ အတွက် ဂျူဗင်တပ်အသင်းကို တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အယ်လ်အိန်း၊ ဝိုင်ဒက် AC၊ မန်စီးတီးအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။