အင်တာမီလန်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး အများဆုံးကစားသမားဖြစ်လာပြီးနောက် တိုက်စစ်မှူး မာတီနက်ဇ်က ဒီအသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိနေဖို့ ဆန္ဒရှိတယ်လို့ ပြောကြား လိုက်ပါတယ်။

ဖီယင်နုအသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် မာတီနက်ဇ်ရဲ့ အင်တာကစားသမားဘဝ ချန်ပီယံလိဂ်သွင်းဂိုးက ၁၈ ဂိုးအထိ ရှိလာခဲ့ပြီး ၁၇ ဂိုးသွင်းယူပေး ထားခဲ့တဲ့ တိုက်စစ်မှူုးဟောင်း မက်ဇိုလာရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ သွင်းဂိုး အပါအဝင် အင်တာမီလန်အသင်းဟာ ဖီယင်နုကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်လို့ နောက်တစ် ဆင့်တက်နိုင်ဖို့အတွက် အခြေအနေကောင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အခုလို စံချိန်မှတ်တမ်းသစ်တစ်ခု အတွက် ဂုဏ်ယူရသလို အင်တာမီလန်အသင်းမှာပဲ ကစားသမားဘဝတစ်ခုလုံး ကစားပေးသွားဖို့ကို ဆန္ဒရှိတယ်လို့ မာတီနက်ဇ်က ပွဲအပြီးမှာပြောသွားခဲ့ပါတယ်။

၂၀၁၈ မှာ အာဂျင်တီးနားကလပ် ရေးဆင်းအသင်းကနေ ယူရို ၂၅ သန်းနဲ့ အင်တာမီလန်အသင်းဆီကို ရောက်လာ ခဲ့တဲ့ မာတီနက်ဇ်ဟာ အသင်းအတွက် ၃၁၉ ပွဲမှာ ၁၄၆ ဂိုးသွင်းယူပြီး ၄၉ ဂိုး ဖန်တီးပေးထားသလို အသင်းနဲ့ ၂၀၂၉ ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်ပါတယ်။