ပြင်သစ်နောက်ခံလူ ခွန်ဒီဟာ တံကောက်ကြောဒဏ်ရာကြောင့် လာမယ့် တစ်ပတ်ထဲကစားရမယ့် အင်တာမီလန် အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်မှာဖြစ်တယ်လို ဘာစီလိုနာအသင်းက အတည်ပြု ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ခွန်ဒီဟာ အနည်းဆုံး ၂ ပတ်ခန့် နားရမှာဖြစ်တာကြောင့် မေလ ၁၁ ရက်မှာ ကစားရမယ့် ရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်ကိုလည်း လွဲချော်ရဖွယ် ရှိနေတာပါ။

ခွန်ဒီဟာ ဘာစီလိုနာအသင်း ခံစစ်မှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး ရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ဘုရင့် ဖလားဗိုလ်လုပွဲမှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပထမအကျော့မှာတော့ ခွန်ဒီဟာ တံကောက်ကြောဒဏ်ရာရခဲ့ပြီး ပွဲချိန် ပထမပိုင်းမပြီးခင်မှာပဲ အဲရစ်ဂါစီယာနဲ့ လူစားလဲခဲ့ရတာပါ။

ဒဏ်ရာကြောင့် ခွန်ဒီ နားရမှာဖြစ်ပေမယ့် ဘာစီလိုနာ အသင်း ညာခြမ်း ခံစစ်အတွက် အာရူဂျို၊ ဂါစီယာနဲ့ လူငယ်ကစားသမား ဟက်တဖော့တ်တို ရှိနေသေးလို ကြီးမား တဲ့ အားနည်း ချက်တော့ ဖြစ်လာဖွယ်မရှိဘူးလို သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒဏ်ရာရှိနေတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ နောက်ခံလူ ဘယ်ဒီတိုကတော့ အင်တာမီလန်အသင်းနဲ့ ဒုတိယအကျော့ပွဲမှာ ပြန်လည်ပါဝင် လာဖို မျှော်လင့်နိုင်တယ်လို ဘာစီလိုနာနည်းပြ ဖလစ်ခ်က ပြောထားခဲ့ ပါတယ်။