တနင်္ဂနွေညက အော်လန်ဒိုစီးတီးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုးနိမ့်ခဲ့ပြီးနောက် အသင်းခက်ခဲနေတဲ့အချိန်မှာ အသင်းဖော်တွေအားလုံး စုစုစည်းစည်း ရှိရမယ်လို အသင်းခေါင်းဆောင် မက်ဆီက တိုက်တွန်းသွားခဲ့ပါတယ်။

အော်လန်ဒိုစီးတီးအသင်းကို ရှုးနိမ့်မှုဟာ အင်တာမိုင်ယာမီအသင်းရဲ့ နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲမြောက် ရှုးပွဲဖြစ်ခဲ့ပြီး ဧပြီလ ၂၄ ရက်နောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာ အင်တာမိုင်ယာမီခံစစ်က ဂိုး ၂၀ အထိ ပေးခဲ့ရပါတယ်။ အခုချိန်က အသင်းရဲ့ အခက်ခဲဆုံး အချိန်တစ်ခုဖြစ်ပြီး ဒီအခက်အခဲကာလကနေ လွတ်မြောက်နိုင်ဖိုအတွက် စုစုစည်းစည်းနဲ့ ကြိုးစားဖို လိုအပ်ပါတယ်လို အော်လန်ဒိုစီးတီးအသင်းနဲ့ပွဲအပြီးမှာ မက်ဆီက ပြောသွားခဲ့တာပါ။ အခုလို ရလဒ်ဆိုး တွေကြောင့် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် အရှေ့ပိုင်းကွန်ဖရင့်စ် ရပ်တည်မှုမှာ အဆင့် ၆ နေရာအထိ ကို ကျဆင်းသွားခဲ့ရပါတယ်။

လာမယ့်ဇွန်လထဲမှာ အင်တာမိုင်ယာမီအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လည်း ဝင်ရောက်ယှဉ်ပြိုင်ဖို ရှိနေပြီး အဲဒီပြိုင်ပွဲမတိုင်ခင်မှာ အသင်းအနေနဲ့ ပုံစံကောင်းပြန်ရဖို လိုအပ်တယ်လို မက်ဆီက သုံးသပ်သွားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် မေဂျာလိဂ်ပွဲစဉ်အဖြစ် စနေညမှာ ဖီလာဒဲလ်ဖီးယား ယူနီယံအသင်းနဲ့ ကစားရဖိုရှိနေပြီး မက်ဆီကတော့ အခုချိန်မှာ ရလဒ်ဆိုးတွေကို မေ့ထားပြီး လာမယ့်ပွဲစဉ်အတွက်ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်တယ်လို ပြောထားပါတယ်။