အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၃ ချန်ပီယံ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အခုရာသီမှာ အက်ဖ်အေဖလားတစ်လုံးတည်သာ မျှော်လင့် ချက်ရှိတော့တဲ့ မန်စီးတီးအသင်းအနေနဲ့ ကွာတားဖိုင်နယ်ပွဲအဖြစ် ဘုန်းမောက်အသင်းအိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် ကို တက်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းက လန်ဒန်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာဖြစ်လို့ လန်ဒန် ဒါဘီပွဲစဉ်တစ်ပွဲကို ပရိသတ်တွေကြည့်ရှုခွင့်ရမှာလည်း ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ရောက် အသင်းတွေထဲမှာ တစ်သင်းတည်းသော ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ပရက်စတန်က ကွာတားဖိုင်နယ်ပွဲအဖြစ် ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ ဗီလာအသင်းကတော့ အခုနှစ်အက်ဖ်အေဖလားမှာ ပုံစံကောင်းရနေ ပြီး ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

နောက်ထပ် ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ်ကတော့ ဘရိုက်တန်အသင်းက နော်တင်ဟမ်ဖောရက်စ်နဲ့ အစ်ဆွစ်အသင်းတို့ ကစားမယ့် ပဥ္စမအဆင့် ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အခုကွာတားဖိုင်နယ်ကိုရောက်လာခဲ့တဲ့ ဖူလ်ဟမ်၊ ပဲလေ့စ်၊ ဘုန်းမောက်နဲ့ ဘရိုက်တန်အသင်းတွေဟာ အရင်က အက်ဖ်အေဖလား မရယူဖူးသေးတဲ့ အသင်းတွေ ဖြစ်ကြပါတယ်။