အခုရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ စပိန်လူငယ်နောက်ခံလူ ဒင်း ဟွိုင်ဆန်ကို ခေါ်ယူဖို့ ရီရဲလ်အသင်း သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အားကစားအပြောင်းအရွှေ့ ဂုရု တစ်ယောက်ဖြစ်တဲ့ ရိုမာနိုအပါအဝင် သတင်းရင်းမြစ်တွေရဲ့ ဖော်ပြမှုအရ ရီးရဲလ်အသင်းဟာ အသက် ၂၀ အရွယ် ဟွိုင်ဆန်ကို စာချုပ်ဖျက်ကြေးဖြစ်တဲ့ ယူရို ၅၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ဟွိုင်ဆန်ဟာ လာမယ့် ကလပ်ကမ္ဘာ့ဖလားမတိုင်ခင်မှာ ရီးရဲလ် အသင်းနဲ့ ပြောင်းရွှေ့မှုကို အပြီးသတ်မှာဖြစ်ပြီး မကြာခင် ရီးရဲလ်နည်းပြသစ်ဖြစ်လာမယ့် အလွန်ဆိုကလည်း ဟွိုင်ဆန် ခေါ်ယူမှုမှာ ပါဝင်ကြိုးစားပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုရာသီမှာ ဘုန်းမောက်အသင်းနဲ့ခြေစွမ်းပြလာ ခဲ့တဲ့ ဟွိုင်ဆန်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားခဲ့ကြပေမယ့် ဟွိုင်ဆန်ကတော့ စပိန်မြေကို ပြန်သွားဖို့ကိုပဲ ဆန္ဒရှိနေခဲ့တာဖြစ်လို့ ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုရာသီ ရီးရဲလ်အသင်းခံစစ်ကစားသမားတွေ မကြာခဏဆိုသလို ဒဏ်ရာရနေတာကြောင့် ဟွိုင်ဆန်လို ငယ်ရွယ်ပြီး ခြေစွမ်းလည်း တက်ရိပ်ပြနေတဲ့ ကစားသမားကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။