၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးအသင်း ရယူနိုင်ခဲ့ပြီးနောက် နည်းပြဟောင်း ကလော့ပ်ကို လက်ရှိနည်းပြ အန်းစလော့က ကျေးဇူးတင်တယ်လို့ ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် လီဗာပူးအသင်း ရာသီကုန်ဖို့ ၄ ပွဲအလိုမှာပဲ ချန်ပီယံ ဆုကိုရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ပြောချင်တဲ့ တစ်ခုတည်းသောအရာက နည်းပြဟောင်း ကလော့ပ်ကို ကျေးဇူးတင်တယ်ဆိုတာပါပဲလို့ ပွဲအပြီးမှာ စလော့က ပြောသွားခဲ့တာပါ။ ကလော့ပ် ချန်ထားခဲ့တဲ့ အသင်းက ကောင်းမွန်တာကြောင့်လည်း အခုရာသီမှာ ချန်ပီယံဆုဆီကို အရောက်သွားနိုင်ခဲ့တာ ဖြစ်တယ်လို့ စလော့က ပြောသွားခဲ့ပါတယ်။ စပါးနဲ့ပွဲအပြီး ပရိသတ်တွေနဲ့အတူ ကွင်းအတွင်းအောင်ပွဲခံရာမှာလည်း စလော့က ကလော့ပ်ရဲ့ နာမည်ကို သီချင်းဆိုပြီး ဂုဏ်ပြုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ပွဲမှာ သရေတစ်မှတ်ရယုံနဲ့ ချန်ပီယံဆုရဖို့ သေချာမှာဖြစ်ပေမယ့် ပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရအောင် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲမကစားခင်အချိန်မှာကတည်းက အသင်းသားတွေ အားလုံး ဟာ အခုပွဲကို အနိုင်ကစားမယ်လို့ ဆုံးဖြတ်ချက်ချက်ထားခဲ့တာဖြစ်သလို အနိုင်ရအောင်လည်း ကြိုးစားခဲ့ကြလို့ ကျေးဇူးတင်ကြောင်း နည်းပြစလော့က ပြောသွားခဲ့ပါတယ်။