မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးပွဲမှာ လီဗာပူးအသင်းကို ဖိအားလိုက်ပေးသွားမယ်လို့ အာဆင်နယ်ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်က ပြောကြားလိုက် ပါတယ်။ ဒစ်ကလန်ရိုက်စ်ဟာ မန်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းထက် တစ်ပွဲလျော့ ကစားထားသလို ၆ မှတ်လည်း ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ အမှားအယွင်းမရှိတဲ့ ခြေစွမ်းမျိုးကို ပြသနေတာပါ။ ဒါပေမဲ့ ရိုက်စ်ကတော့ ရာသီကုန်ဆုံးဖို့အတွက် လိုနေသေးတာကြောင့် အာဆင်နယ်အသင်းမှာလည်း အခွင့်အရေးရှိနေဆဲလို့ ယုံကြည် နေပါတယ်။ လီဗာပူးက အခုချိန်မှာ ရှေ့ကိုရောက်နေတယ်ဆိုပေမဲ့ ကျွန်တော်တို့တွေ မန်စီးတီးနဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းကို အမီလိုက်ဖို့ အခွင့်အရေး ရလာမှာပါလို့ မန်စီးတီးနဲ့ ပွဲအပြီးမှာ ဒစ်ကလန်ရိုက်စ်က ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ မန်စီးတီးအသင်းရဲ့နောက်ကောက်ချတာကို ခံခဲ့ရပြီး ဒုတိယနေရာတွေနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ အသင်းက ဂိုးတွေရခဲ့သလို မြင့်မားတဲ့ယှဉ်ပြိုင်မှုတွေ လုပ်နိုင်တဲ့ ခြေစွမ်းမျိုးလည်း ပြသနိုင်ခဲ့ပါတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောသွားခဲ့ပါတယ်။