အေစီမီလန်အသင်းဟာ သူလိုချင်တဲ့ကစားပုံမျိုးနဲ့ နီးစပ်အောင် ကစားလာနိုင်ပြီလို နည်းပြ ကွန်ဆီကာအိုက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ အဓိကတောင်ပံကစားသမား လီယာအိုအနေနဲ့တော့ အခုထက် ပိုမိုကြိုးစားဖို လိုအပ်တယ်လို ကွန်ဆီကာအိုက သတိပေးသွားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က စီးရီးအေပွဲမှာ မီလန်မြိုခံပြိုင်ဘက် အင်တာမီလန်အသင်းကို တစ်ဂိုး စီ သရေကစားနိုင်ခဲ့သလို ကြားရက်မှာ ကစားခဲ့တဲ့ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်မှာလည်း ရိုးမားအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းအနေနဲ့ ၃ ရက်ကို တစ်ပွဲနှုန်း ကစား နေရတဲ့အတွက် လေ့ကျင့်ရေးမှာ မိမိလိုချင်တဲ့ ကစားပုံကို လေ့ကျင့်ဖို အချိန်လုံလောက်စွာမရခဲ့ ပေမဲ့ လက်ရှိ အသင်းကစားပုံက လိုချင်တဲ့ပုံစံမျိုးနဲ့ နီးစပ်လာပါတယ်လို နည်းပြ ကွန်ဆီကာအိုက ပြောသွားခဲ့တာ ပါ။

ဒါ့အပြင် အခုဇန်နဝါရီဈေးကွက်မှာ အားဖြည့်ထားတဲ့ တိုက်စစ်မှူးသစ်တွေဖြစ်ကြတဲ့ ဖီးလစ်နဲ့ ဂျီမီနက်ဇ်တို အချိန်တို အတွင်း အတွဲအဖက်ညီမှုအပေါ်လည်း ချီးကျူးခဲ့ပါတယ်။ ရိုးမားအသင်းကို အနိုင်ရတဲ့ပွဲမှာ ဂျီမီနက်ဇ်ရဲ့ ဖန်တီးမှု ကနေ ဖီးလစ်က တစ်ဂိုးသွင်းယူပေးသွားခဲ့တာပါ။ အေစီမီလန်အသင်းဟာ လာမယ့် စနေညမှာ စီးရီးအေပွဲအဖြစ် အမ်ပိုလီအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။