တနင်္လာညက ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီးနောက် ဘန်လေအသင်း ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ သေချာခဲ့ပါတယ်။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အမှတ် ပေးဇယား ဒုတိယနေရာက ဘန်လေအသင်းဟာ တတိယနေရာမှာ ရပ်တည်နေတဲ့ ရှက်ဖီးယူနိုက်တက်ကို ၈ မှတ် ဖြတ်ထားနိုင်ခဲ့တာဖြစ်ပြီး ရာသီလက်ကျန် ပွဲကစားဖို့က ၂ ပွဲသာ ကျန်တော့တာဖြစ်လို့ တန်းတက်ခွင့်ရဖို့ သေချာ သွားခဲ့တာဖြစ်ပါတယ်။ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတာ ဖြစ်ပြီး တစ်ရာသီအကြာမှာပဲ တန်းပြန်တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းနဲ့ ရမှတ်ချင်း ၉၄ မှတ်တူ ရထားပြီး ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ လိဒ်ယူနိုက်တက်အသင်းလည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ သေချာသွားခဲ့ပါတယ်။လိဒ်ယူနိုက်တက်အသင်းနဲ့ ဘန်လေအသင်းတို့အတွက် ရာသီလက်ကျန် ၂ ပွဲက ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာခဲ့ပါတယ်။ လိဒ်အသင်းက ဘရစ္စတိုး၊ ပလိုင်းမောက်အသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး ဘန်လေကတော့ ကျူပီအာ၊ မီလ်ဝေါအသင်းတွေနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။