အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ လာမယ့် ဘောလုံးရာသီ အစပိုင်းကို လွဲချော်မှာဖြစ်တယ်လို့ ရီးရဲလ်အသင်းက ကြေညာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်အသင်းနဲ့ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာထဲက ပခုံးဒဏ်ရာရခဲ့တာ ဖြစ်ပေမယ့် ရီးရဲလ်အသင်းနဲ့အတူ ဆက်ကစားပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လာမယ့် ဇွန်လထဲ စတင်ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာတော့ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသဖို့အတွက် ကလပ်အသင်းနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာပါ။ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရီးရဲလ်အသင်းက အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၈ ရက်နေ့မှာ အယ်ဟီလယ်အသင်း နဲ့ ကစားရမှာြဖစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်အသင်း ဘယ်လောက်အထိ ပါဝင်နိုင်မလဲဆိုတဲ့ အပေါ် မူတည်ပြီး ခွဲစိတ်ကုသမယ့်ရက်ကို ဆုံးဖြတ်မှာ ဖြစ်တာကြောင့် ဘယ်လင်ဟမ်အနေနဲ့ ရာသီအစပိုင်းကို သေချာပေါက် လွဲချော်ဖွယ် ရှိနေတယ်လို့ သတင်းတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ သီတင်း ၆ ပတ်လောက်အထိ အနားယူရနိုင်တာကြောင့် စက်တင်ဘာလအတွင်း ကစားရမယ့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။