တနင်္လာညက နော်တင်ဟမ်အသင်းကို ရှုံးနိမ့်မှုက လက်မခံနိုင်စရာ ရှုံးနိမ့်မှုဖြစ်တယ်လို့ စပါးနည်းပြ အန်ဂျီက ပြောသွားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့် လည်း ၂၂ ကြိမ်အထိ ရခဲ့ပေမယ့် ပွဲပြီးကာနီးမှာ သွင်းယူခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ သွင်းဂိုးတစ်ဂိုးသာ ရခဲ့တာဖြစ်ပါ တယ်။

တစ်ပွဲလုံး ခံစစ်အသွင်နဲ့ ကစားခဲ့ရတဲ့ နော်တင်ဟမ်အသင်းကတော့ ပွဲချိန်အစောပိုင်းမှာရခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပွဲအပြီးမှာ စပါးအသင်းကို ၂ ဂိုး-၁ ဂိုး ဆိုတဲ့ရလဒ်နဲ့ အနိုင် ၃ မှတ်ကို ရယူသွားခဲ့တာဖြစ်ပါတယ်။ အခုရှုံး ပွဲက စပါးအသင်းအတွက် အခုရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲမြောက် ရှုံးပွဲဖြစ်သလို အဆင့် ၁၆ နေရာကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲအဖြစ် ဧပြီလ ၂၇ ရက်မှာ လီဗာပူးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေပေမယ့် ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေတာ ကြောင့် နည်းပြ အန်ဂျီရဲ့ အနာဂတ်က ယူရိုပါလိဂ်အောင်ပွဲရ၊မရအပေါ် မူတည်နေပြီး စပါးပရိသတ်အများစု ကတော့ နည်းပြအန်ဂျီအပေါ်ထောက်ခံအားပေးမှု နည်းပါးလာနေတယ်လို့ သိရပါတယ်။