ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ရမှုက မမျှတခဲ့ဘူးလို့ ဘာစီလိုနာနည်းပြ ဖလစ်ခ်က ဝေဖန်သွားခဲ့ပါတယ်။ ပွဲချိန်အတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့ကို နည်းပြဖလစ်ခ်က မကျေမနပ်ဖြစ်နေပြီး ဘာစီလိုနာအသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက်တော့ ဂုဏ်ယူတယ်လို့ ပြောသွားခဲ့ပါတယ်။

ပထမ အကျော့တုန်းက ၃ ဂိုးစီ သရေကျခဲ့သလို ဒုတိယအကျော့ပွဲမှာလည်း ၃ ဂိုးစီ သရေနဲ့ ပွဲပြီးခဲ့လို့ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရာမှာ အင်တာမီလန်က အနိုင်ဂိုးသွင်းခဲ့လို့ ဘာစီလိုနာအသင်းရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရ တာ ဖြစ်ပါတယ်။ ရလဒ်အတွက် အသင်းနဲ့ပတ်သက်သူတွေအားလုံး စိတ်ပျက်နေကြသလို အခုပွဲက ကွင်းလယ်ဒိုင် လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့ကလည်း မမျှတဘူး ထင်ပါတယ်လို့ ပွဲအပြီးမှာ နည်းပြ ဖလစ်ခ်က ပြောသွားခဲ့တာပါ။

အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းရဲ့ရလဒ်ကောင်းတွေအတွက် ဘာစီလိုနာ အသင်းသားတွေဟာ လေးစားမှုတွေနဲ့ ထိုက်တန်တယ်လို့ ခံစားမိကြောင်းလည်း ဖလစ်ခ်က ပြောသွားခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် မှာ ပိုကောင်းတဲ့ ဘာစီလိုနာကို မြင်ရပါလိမ့်မယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။ ရလဒ်ကို စိတ်ပျက်မိပေမယ့် အင်တာမီလန်အသင်းက ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်လို့လည်း နည်းပြဖလစ်ခ်က ပြောသွားခဲ့ပါတယ်။