ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်မှာ ရီးရဲလ်အသင်းကို ကျော်ဖြတ်ပြီး ၁၆ သင်းအဆင့်ကို ရောက်ဖို့အတွက် မန်စီးတီးမှာ အခွင့်အရေးက ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပထမအကျော့အဖြစ် ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ရီးရဲလ်အသင်းကို ၂ ဂိုး-၃ဂိုးနဲ့ ရှုံးနိမ့်ထား တာဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးညမှာ ဒုတိယအကျော့ပွဲအဖြစ် ရီးရဲလ်အိမ်ကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါ တယ်။ မန်စီးတီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ နယူးကာဆယ်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် အသင်းရဲ့အခြေအနေက ကောင်းမွန်တဲ့အခြေအနေမှာ ရှိမနေသေးဘူး လို့ နည်းပြ ဂွါဒီယိုလာက သုံးသပ်ထားပါတယ်။

ဘာနေဗျူးကွင်းမှာ ရီးရဲလ်အသင်းကို အနိုင်ယူဖို့ဆိုတာ ဘယ် လောက်ခက်တယ်ဆိုတာ အားလုံးနားလည်ကြပါလိမ့်မယ်လို့ ရီးရဲလ်အသင်းနဲ့ ပွဲမတိုင်ခင်အင်တာဗျူးမှာ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။နယူးကာဆယ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယက်စ်နဲ့ အကီတို့ ခံစစ်အတွဲဟာ ရီးရဲလ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။