ကန်ဆက်စီးတီးမြို့ရဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် စပို့တင်းကန်ဆက်စီးတီးအသင်းနဲ့ အင်တာ မိုင်ယာမီအသင်းတို့ရဲ့ ကွန်ကာကပ်ဖ်ချန်ပီယံများဖလားပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှသာ ကစားဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ရာသီဥတုသတိပေးချက်တွေအရ ပွဲကစားဖို့စီစဉ်ထားတဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ နှင်းမုန်တိုင်းက ကန်ဆက်စီးတီးမြို့မှာ တိုက်ခတ်ဖို့ရှိနေတဲ့အတွက် အခုလိုမျိုး ပွဲကို ၂၄ နာရီ နောက်ဆုတ်ပြီးမှ ကစားဖို့ ဆုံးဖြတ် ခဲ့တာပါ။ ကလပ်အသင်း ၂ သင်းနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကစားသမားတွေနဲ့ ပရိသတ်တွေ ဘေးကင်းရေးအတွက် ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကွန်ကာကပ်ဖ်ရဲ့ ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။

ကန်ဆက်စီးတီးအသင်းနဲ့ပွဲမှာ အင်တာမိုင်ယာမီအသင်းရဲ့ အဓိက ကစားသမား မက်ဆီပါဝင်ကစားနိုင်မှာ သေချာပါတယ်လို့လည်း နည်းပြ မာရှေယာနိုက ပြောသွားခဲ့ပါသေးတယ်။ အခုပွဲစဉ်ကို တစ်ရက်နောက်ဆုတ်ပြီး ကစားခဲ့ရပေမယ့် လာမယ့် စနေညမှာ ကစားဖို့စီစဉ်ထားတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ မေဂျာလိဂ်ရာသီအဖွင့်ပွဲဖြစ်တဲ့ နယူးယော့ခ်စီးတီးအသင်းနဲ့ ပွဲကိုတော့ မူလစီစဉ်ထားတဲ့အတိုင်း ကစားမှာ ဖြစ်တယ်လို့ မေဂျာလိဂ်က အတည်ပြုထားပါတယ်။