နောက်ခံလူ ဖိုဖာနာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဖိုဖာနာရဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသရမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့စနေနေ့မှာ ချဲလ်ဆီးအသင်းက သတင်းထုတ် ပြန်ခဲ့ပြီး လက်ရှိမှာတော့ ဖိုဖာနာအနေနဲ့ ရာသီကုန်အထိ အနားယူဖို့ ဖြစ်လာခဲ့တာပါ။

ဖိုဖာနာ ရာသီကုန်အထိ အနားယူရမှာဖြစ်ပေမယ့် ကွင်းလယ်ကစားသမား လာဗီယာနဲ့ တိုက်စစ်မှူး ဂူယူတို့ကတော့ ရာသီမကုန်ခင် ပြန် ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မာရက်စ်ကာက ပြောပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဖိုဖာနာက ရာသီကုန် အထိ နားရတော့မှာ ဖြစ်ပါတယ်လို့ နည်းပြ မာရက်စ်ကာက ဧပြီလ ၉ ရက်မှာ အတည်ပြုသွားခဲ့တာပါ။ ဖိုဖာနာဟာ လက်စတာအသင်းကနေ ပြောင်းလာခဲ့ပြီးနောက်ပိုင်း မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် လာဗီယာကတော့ တံကောက်ကြောဒဏ်ရာကနေ သက်သာလာပြီးနောက် ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပြန်ကစားခဲ့ပြီး နောက် အသေးစားဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ စပိန်တိုက်စစ်မှူး ဂူယူကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ချဲလ်ဆီးအတွက် နောက်ဆုံးကစားပေးထားခဲ့တာဖြစ်ပါတယ်။