အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာအသင်းမှာ ကစားသမားဘဝကို ပြန်ရှာတွေ့ပြီး အရည်အချင်း ပြနိုင် လိမ့်မယ်လို့ လီဗာပူးနည်းပြစလော့က သုံးသပ်သွားခဲ့ပါတယ်။ ဗီလာအသင်းနဲ့ လီဗာပူးအသင်းတို့ ကစားမယ့် ပွဲမတိုင်ခင် အင်တာဗျူးမှာ စလော့က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ပြောသွားခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းမှာ နည်းပြအမ်မိုရင်ရဲ့ သဘောမကျတာကို ခံခဲ့ရပြီးနောက် ကစားခွင့်ဆုံးရှုံးခဲ့တာ ကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဗီလာအသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပါ တယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အစ်ဆွစ်ချ်အသင်းနဲ့ပွဲမှာ ဗီလာအတွက် ပထမဆုံးအကြိမ် ပွဲထွက် စာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒီဇင်ဘာနောက်ပိုင်း ပွဲကစားခွင့် မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဗီလာအသင်းမှာတော့ ၂ ပွဲ ပါဝင်ကစားပေးထားပြီး မိနစ်ပေါင်း ၆၉ မိနစ် ကစားခွင့်ရထားခဲ့ တာဖြစ်ပါတယ်။

အစ်ဆွစ်အသင်းနဲ့ပွဲမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ၄၅ မိနစ် ကစားခွင့်ရခဲ့ပြီး ပုံစံကောင်းကို ပြသနိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ရက်ရှ်ဖို့ဒ် ရှင်သန် လာခဲ့တဲ့အကြောင်းကို သိထားသလို အမေရိကန်ခြေစမ်းခရီးအဖြစ် ပထမဆုံးတွေ့ချိန်မှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ အမြန်နှုန်းတွေနဲ့ တိုးအားတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် အရည်အသွေးက တော်ရုံမဟုတ်ပါဘူးလို့ လီဗာပူး နည်းပြ စလော့က ပြောသွားခဲ့ပါတယ်။