ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲတွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ မန်ယူ အသင်းက စပိန်လာလာီဂါကလပ် ဆိုစီဒက်အသင်းနဲ့တွေ့ဆုံနေပါတယ်။ မန်ယူ အသင်းနဲ့ဆိုစီဒက်အသင်းတို့ဟာ ၂၀၂၂ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ဆုံတွေ့ထားခဲ့ဖူးပြီး တစ်ပွဲစီအနိုင်ရထားခဲ့ကြတာပါ။
၂၀၂၁ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာဝောာ့ မန်ယူက နှစ်ကျော့ပေါင်းရလဒ် ၄-၀ နဲ့ အနိုင်ရပြီး နောင်တစ်ဆင့်ကို တက်ရောက်ထားခဲ့ဖူးပါတယ်။ စပါးအသင်း ကတော့ နယ်သာလန်ကလပ် AZ အယ်ခမာအသင်းနဲ့ ဆုံတွေ့နေပါတယ်။ ရိုးမားအသင်းနဲ့ ဘီလ်ဘာအိုအသင်းတို့ပွဲက အကြိတ်အနယ်ရှိနိုင်သလို နည်းပြမော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းက စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့ ဆုံတွေ့နေတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်များ ပယ်လ်ဇန် – လာဇီယို၊ရိုးမား – ဘီလ်ဘာအို၊ဘိုဒိုဂလင့် – အိုလံပီယာကို့စ်၊ဖီနာဘာချီ – ရိန်းဂျားစ်၊အေဂျက်ဇ် – ဖီယင်နု၊FCSB – လိုင်ယွန်၊အယ်ခမာ – စပါး၊ဆိုစီဒက် – မန်ယူ။