ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်အတွက် ယူရို သန်း ၇၀ ထက်ပိုရဖို့ အလိုရှိတယ်လို့ စပို့တင်းအသင်း ဥက္ကဋ္ဌ ဗာရန် ဒက်စ်က သတိပေးလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ယိုကီရက်စ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

စပို့တင်းအသင်းနဲ့ ၂၀၂၈ အထိ စာချုပ်သက်တမ်းရှိနေတဲ့ ယိုကီရက်စ်ရဲ့ စာချုပ်ဖျက်ကြေးက ယူရိုသန်း ၁၀၀ ဖြစ်ပေမယ့် ယူရို သန်း ၇၀ ရမယ်ဆိုရင် ထွက်ခွာခွင့် ပြုရမယ်လို့ ယိုကီရက်စ်နဲ့ စပို့တင်းအသင်းတို့အကြား သဘောတူညီမှု ရှိထားတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း စပို့တင်းအသင်းဥက္ကဋ္ဌက အခုလိုမျိုး ပြောကြားလိုက် တာဖြစ်ပြီး အသင်းနဲ့ ယိုကီရက်စ်အကြား ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ဘာသဘောတူညီမှုမှ ပြုလုပ်ထား တာမရှိသလို ယိုကီရက်စ်အတွက် ယူရို သန်း ၉၀ နဲ့ ၁၀၀ ကြားရမှသာ ထွက်ခွာခွင့်ပြုဖို့ကို စဉ်းစားမှာဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့ပါတယ်။

သတင်းတွေအရ မန်ယူအသင်းဟာ အခုနွေရာသီမှာ တိုက်စစ်ပိုင်းကို အဓိကအားဖြည့်ဖို့ ပြင်ဆင်နေပြီး ဝုဗ်အသင်းရဲ့တိုက်စစ်မှူး ကန်ဟာကို ခေါ်ယူထားပြီးဖြစ်သလို တစ်ဖက်မှာလည်း ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ ယိုကီရက်စ်ရဲ့ ဆရာဟောင်းဖြစ်တဲ့ အမ်မိုရင်က လက်ရှိမှာ သူတာဝန်ယူနေတဲ့ မန်ယူအသင်းဆီ ယိုကီရက်စ်ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပြီး တိုက်စစ်မှူးစစ်စစ် လိုအပ်နေတဲ့အာဆင်နယ်ကလည်း ယိုကီရက်စ်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။