အခုရာသီက မန်စီးတီးအသင်းအတွက် စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီဖြစ်ခဲ့တဲ့အပေါ် အကြောင်းပြချက် ပေးစရာမရှိသလို နိုင်လိုစိတ်နည်းပါးခဲ့ကြတယ်လို့ တိုက်စစ်မှူး ဟာလန်းက ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်း ဟာ အခုရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်းဆီကို လွှဲပေးလိုက်ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေလည်း စောစောစီးစီး ထွက်ခဲ့ရတာဖြစ်ပါတယ်။

ရိုဒရီလို အသင်းအတွက် အားကိုးရတဲ့ ကစားသမားက တစ်ရာသီလုံး နားနေခဲ့ရလို့ မန်စီးတီး အားနည်းခဲ့တာမှန်ပေမယ့် ဒဏ်ရာပြဿနာက အကြောင်းပြချက်ကောင်း တော့မဟုတ်ဘူးလို့ ဟာလန်းက ပြောခဲ့ပါတယ်။ ၂၀၂၃ မှာ သမိုင်းဝင်ဆုဖလား ၃ လုံး ရယူနိုင်ခဲ့သလို ၂၀၂၄ မှာ လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင်အဖြစ် ၄ ကြိမ်ဆက် ရယူနိုင်ခဲ့ပြီးနောက်မှာ မန်စီးတီး အသင်းသား တွေဟာ အခုနှစ်ဘောလုံးရာသီမှာ လုံလောက်တဲ့ နိုင်လိုစိတ်ကို မပြသနိုင်ခဲ့သလို ပွဲတွေအနိုင်ရဖို့ကိုလည်း လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး မပြသနိုင်ခဲ့ဘူးလို့ ဟာလန်းက ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ မတ်လ က ဘုန်းမောက်အသင်းကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ တစ်လကျော်ကြာ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယား လိဂ် ရာသီလက်ကျန်ပွဲတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားရမှာဖြစ်သလို အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း ပဲလေ့စ်ကို အနိုင်ယူပြီး ချန်ပီယံဆုနဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။