တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိခဲ့လို ၂ နှစ်ပွဲပယ်ခံရပြီး ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ မိုနာကိုအသင်းမှာ ကစားဖိုအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

၂၀၁၈ခု နှစ် မှာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုရခဲ့တဲ့ ပေါ့ဂ်ဘာဟာ ၂၀၂၃ မှာ တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိခဲ့လို ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ပေါ့ဂ်ဘာရဲ့ ပြစ်ဒဏ်ကို ၁၈ လ အဖြစ်လျှော့ပေါ့ပေးခဲ့ပါတယ်။ပွဲပယ်ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ပေါ့ဂ်ဘာကိုဂျူဗင်တပ်အသင်း စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် လက်ရှိမှာ ကလပ်လက်မဲ့ဖြစ်နေခဲ့တာပါ။ သတင်းတွေအရတော့ အသက် ၃၂ နှစ်အရွယ် ပေါ့ဂ်ဘာနဲ့ မိုနာကိုအသင်းတို ဆွေးနွေးမှုတွေက အဆင်ပြေပြေ ရှေ့ဆက် နေတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲက ပွဲပယ်ပြစ်ဒဏ်ပြည့် ခဲ့တဲ့ ပေါ့ဂ်ဘာဟာ မိုနာကိုအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးတွေမှာ စတင်ပါဝင်နိုင်မှာဖြစ်တယ်လို သိရပါတယ်။ပေါ့ဂ်ဘာကို ခေါ်ယူဖိုအတွက် ဆော်ဒီပရိုလိဂ်အသင်းတွေနဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေ ချိတ်ဆက်ခဲ့သေး ပေမယ့် အဆင်မပြေမှုတွေရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ ပေါ့ဂ်ဘာဟာ ၂၀၀၉ ခုနှစ်မှာ စွန့်ခွာလာခဲ့တဲ့ ပြင်သစ်လီဂူး ၁ ကို ပြန်လည်ခြေချဖွယ်ရှိနေတာဖြစ်ပါတယ်။