ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါ်တိုကွင်းလယ်လူ နီကို ဂွန်ဇာလက်ဇ်ကို ခေါ်ယူမှုအပါအဝင် မန်စီးတီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ပေါင် သန်း ၁၈၀ အသုံးပြုသွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ဆောင်း ရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်း အသုံးပြုခဲ့တဲ့ ပေါင် ၂၇၄ သန်းရဲ့နောက် အများဆုံး အသုံးပြုမှုလည်း ဖြစ်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် စပိန်ကွင်းလယ်လူ ဂွန်ဇာလက်ဇ်အတွက် မန်စီးတီးအသင်း ပေါင်သန်း ၅၀ အသုံးပြုခဲ့ရပြီး အခုဈေးကွက်မှာ မန်စီးတီးအသင်းရဲ့ ၅ ယောက်မြောက်ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီး အသင်းနဲ့ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့ ဂွန်ဇာလက်ဇ်ဟာ ၂၀၁၉ မှာ ဘာစီလိုနာအသင်းနဲ့ စီနီယာ ကစားသမား ဘဝစတင်ခဲ့ပြီး ၂၀၂၃ ဇူလိုင်မှာ ပေါ်တိုအသင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းနဲ့ အတူ ပေါ်တူဂီဖလားရရှိခဲ့တဲ့ ဂွန်ဇာလက်ဇ်ဟာ ကစားသမားဘဝ နောက်တစ်ဆင့်အတွက် မန်စီးတီးကို ရောက်ရှိ လာခဲ့တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အခုဈေးကွက်မှာ အီဂျစ်တိုက်စစ်မှူး မာမွတ်ရှ်၊ ဘရာဇီးနောက်ခံလူ ဗစ်တာရီးစ်၊ ဥဇဘက်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်နဲ့ ဆီရီယာ လီယွန်နောက်ခံလူ ဂျူမာဘတ်ရှ်တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ အခုမန်စီးတီးအသင်းခေါ်ယူလိုက်တဲ့ ဂွန်ဇာလက်ဇ်ကို ဘာစီလိုနာ(ဘီ)အသင်းနည်းပြကတော့ ဘက်စ်ကွက်စ်လက်သစ် ဖြစ်တယ်လို့ ချီးကျူးထားခဲ့ဖူးပါတယ်။