ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် တောင်ပံကစားသမား လာမိုင်း ယာမယ်က သူ့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကွင်း အတွင်းခြေစွမ်းပြနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး မက်ဆီနဲ့ နှိုင်းယှဉ်တာမျိုး မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

အခု ရာသီ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အသက် ၁၇ နှစ်အရွယ် ယာမယ်ကို ပရိသတ် တွေက မက်ဆီနဲ့ ခိုင်းနှိုင်းချီးကျူးနေကြတာပါ။ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ် လာတာ တူသလို ကစားတဲ့နေရာကလည်း တူပေမယ့် ယာမယ်ကတော့ မက်ဆီနဲ့ ခိုင်းနှိုင်းတာမျိုးကို လက်မခံဘဲ သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်နဲ့သာ အောင်မြင်မှုရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

မက်ဆီနဲ့မှ မဟုတ်ဘဲ ဘယ် ကစားသမားမျိုးနဲ့မှ ခိုင်းနှိုင်းတာမျိုးကို လက်မခံသလို ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ပဲ အောင်မြင်မှု ရချင်ပါတယ်လို့ ယာမယ်က ပြောသွားခဲ့တာပါ။စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့သလို အခုရာသီ ဘာစီလိုနာအသင်း အတွက်လည်း အရေးပါတဲ့ ကစားသမားအဖြစ် ပွဲထွက်ခွင့် ရနေတဲ့ ယာမယ်ဟာ ဘာစီလိုနာအတွက် အခုရာသီ ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၁၄ ဂိုးသွင်းပြီး ဂိုး ၂၀ အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။