အခုတစ်ပတ်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၃၂ အပြီးမှာပဲ ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ ပါတယ်။ စနေညက လိုက်ပ်ဇစ်အသင်းနဲ့ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၃ ဂိုးစီသရေကျခဲ့သလို တနင်္ဂနွေ ညက ကစားခဲ့တဲ့ ဒုတိယနေရာက လေဗာကူဆင်အသင်းကလည်း ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီလက်ကျန် ၂ ပွဲသာ ကျန်တော့ချိန်မှာ ဘိုင်ယန်အသင်းက လေဗာကူဆင်အသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့လို့ ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဖြစ်မှုနဲ့အတူ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ကစားသမားဘဝ ချန်ပီယံဆုကျိန်စာသင့်နေမှုလည်း အဆုံးသတ်ခဲ့ပြီး ပထမဆုံး ချန်ပီယံဆုကို ကိုင်မြှောက်ခွင့် ရတော့မှာဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ ကလပ်နဲ့ လက်ရွေးစင်ကစားသမားဘဝ ပွဲပေါင် ၇၀၀ နီးပါးကစားခဲ့ ပေမယ့် ချန်ပီယံဆုတွေနဲ့ လွဲချော်နေခဲ့တာဖြစ်ပြီး အခုရာသီမှာတော့ ကစားသမားဘဝ ပထမဆုံး ချန်ပီယံဆု အဖြစ် ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့အတူ အောင်ပွဲခံနိုင်တော့မှာ ဖြစ်ပါတယ်။