နောက်တစ်ပတ်မှာ ကစားရမယ့် ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ ဖြစ်တယ် လို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။ တနင်္ဂနွေညက ဆယ်တာဗီဂိုအသင်းကို ရီးရဲလ်အသင်း အနိုင်ရပြီးနောက် ဇယားထိပ်က ဘာစီလိုနာနဲ့ ဒုတိယနေရာက ရီးရဲလ်တို့အကြား ၄ မှတ်သာ ကွာဟနေတာဖြစ်ပြီး ရာသီလက်ကျန် ၄ ပွဲသာကျန်တော့တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း နည်းပြ အန်ဆလော့တီက လာမယ့်တစ်ပတ် မှာ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့တာဖြစ် ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီမှာ ရီးရဲလ်အသင်းနဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ ပွဲတိုင်းကို အနိုင်ကစားထား တာဖြစ်လို့ လာမယ့်တစ်ပတ် ပွဲက ရီးရဲလ်အသင်းအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

နည်းပြ အန်ဆလော့တီကတော့ ပြီးခဲ့တစ်ပတ်က ကစားခဲ့တဲ့ ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးရဲလ်က ဘာစီလိုနာအသင်းကို အနိုင်ရဖို့ နီးစပ်တဲ့အထိ ကစားနိုင်ခဲ့တာကြောင့် လာမယ့်တစ်ပတ်ပွဲအတွက် ယုံကြည်မှု အပြည့် ရှိတယ်လို့ ပြောထားပါတယ်။ဘာစီလိုနာအသင်းဟာ အခုရာသီမှာ ဆုဖလား ၃ လုံးမျှော်လင့်ချက်နဲ့ ကစားနေတာဖြစ်ပြီး ရီးရဲလ်အသင်းက တော့ လာလီဂါချန်ပီယံဆုတစ်ခုတည်းသာ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။