စနေညမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်လာနိုင်ပေမဲ့ ဘရန်ဖိုဒ်အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်နေဦးမှာပဲလို ဘရန်ဖိုဒ်နည်းပြ ဖရန့်ခ်က ပြောသွားခဲ့ပါတယ်။ ဘရန်ဖိုဒ်နဲ့ ပွဲအပြီး လာမယ့်ကြားရက်မှာ အာဆင်နယ်အသင်းက ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲကို ကစားရဖို ရှိနေတာကြောင့် ဘရန်ဖိုဒ်နဲ့ ပွဲမှာ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ဖိုရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။

အာဆင်နယ်အသင်း အခုလိုမျိုး အပြောင်းအလဲတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ဘရန်ဖိုဒ်အတွက် အားသာချက်ဖြစ်နိုင် တယ်ဆိုတဲ့ သုံးသပ်မှုတွေကို နည်းပြဖရန့်ခ်က ငြင်းဆိုသွားခဲ့ပြီး အာဆင်နယ်အသင်းမှာ ကစားသမားကောင်း တွေရှိနေတာဖြစ်လို ဘယ်ကစားသမားကိုပဲ အသုံးပြုပြု ဘရန်ဖိုဒ် အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်နေဦးမှာပဲလို ပြောသွားခဲ့ပါတယ်။ ဘရန်ဖိုဒ်အသင်းဟာ လက်ရှိမှာ အိမ်ကွင်းထက် အဝေးကွင်းရလဒ်ပိုကောင်းနေပြီး ပြီးခဲ့တဲ့တစ်ပတ်က နယူးကာ ဆယ်ကို ရှုးတဲ့ပွဲမတိုင်ခင် လိဂ်အဝေးကွင်း ၅ ပွဲဆက်အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ ဘရန်ဖိုဒ်အသင်းအနေနဲ့တော့ အာဆင်နယ်အသင်းနဲ့ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လိုလည်း နည်းပြ ဖရန့်ခ်က ပြောသွားပါတယ်။