တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ကို နည်းပြချုပ်အဖြစ် လာမယ့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင် ပေးခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူကို ထုတ်ပယ်ကာ သောမတ်စ်ဖရန့်ကို အစားထိုးလိုက်တာ ဖြစ်ပါတယ်။စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဇယား အဆင့် ၁၇ နေရာနဲ့သာ ရာသီသိမ်းခဲ့ပေမယ့် ယူရိုပါလိဂ် ချိန်ပီယံဖြစ်တဲ့အတွက် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ရောက်ခွင့် ရထားပါတယ်။

ဖရန့်ဟာ ဘရန့်ဖို့ဒ်မှာ ခုနစ်နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဘရန့်ဖို့ဒ်အသင်းကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ကို ပို့ဆောင်ပေးခဲ့နိုင်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းက နည်းပြဖရန့်ကို အသင်းမှာ စွမ်းဆောင် ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ကြေညာခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းရဲ့ ဘောလုံးဒါရိုက်တာကလည်း ကျွန်တော်တို့အနေနဲ့ သောမတ်စ်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းက သောမတ်စ်ဖရန့်ရဲ့ ဘရန့်ဖိုဒ်အသင်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၆၆ ဂိုးအထိ သွင်းယူခဲ့ပြီး လိဂ်မှာ ပဥ္စမမြောက် သွင်းဂိုးအများဆုံးဖြစ်ခဲ့သလို အဆင့် ၁၀ နဲ့ ရာသီသိမ်းခဲ့ပါတယ်။