လီဗာပူးအသင်းဟာ လူငယ်ညာနောက်ခံလူ ကော်နာ ဘရက်ဒလေကို လစာတိုးမြှင့်ပြီး ၅ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရက်ဒလေကို လီဗာပူးပရိသတ်တွေက ညာ နောက်ခံလူ အာနိုးရဲ့နေရာမှာ ဆက်ခံမယ်သူလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အခုလို ဘရက်ဒလေကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားမှုက ရာသီအကုန်မှာ အသင်းကနေ အာနိုးထွက်ခွာနိုင်ချေ ပိုများ သွားပြီလို့ သုံးသပ်နေကြပါတယ်။ မြောက်အိုင်ယာလန်လက်ရွေးစင် ဘရက်ဒလေဟာ လီဗာပူးနည်းပြသစ် စလော့ရဲ့ သဘောကျတာကို ခံထားရတဲ့ ကစားသမားဖြစ်ပြီး အခုရာသီ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲပါဝင်ကစားခွင့် ရထားတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်မှာ လက်ရှိ တစ်ပါတ်ကို ပေါင် ၁၀၀၀၀ သာရနေတဲ့ ဘရက်ဒလေအနေနဲ့ တစ်ပါတ်ကို ပေါင် ၇၅၀၀၀ အထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး လူးဝစ်ဒီယက်ဇ်နဲ့ ကိုနာတီတို့ရနေတဲ့ လုပ်ခလစာထက် ပိုများတယ်လို့ သိရပါတယ်။

လက်ရှိလီဗာပူးညာနောက်ခံလူနေရာမှာ ပွဲထွက်ခွင့်ရနေတဲ့ အာနိုးက အသင်းနဲ့ရာသီအကုန်မှာ စာချုပ်ပြည့်မှာ ဖြစ်ပြီး ရာသီအကုန်မှာ အသင်းကနေထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အာနိုးကတော့ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။