ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မယ် တိုက်စစ်မှူး မူလာကို ခေါ်ယူဖို့အတွက် စီးရီးအေ ကလပ် ဖီအိုရင်တီးနားက ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၃၅ နှစ်အရွယ် မူလာဟာ ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ပြည့်မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆို တော့မှာ မဟုတ်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၇ နှစ်ကြာ လက်တွဲမှုကို အဆုံးသတ်ရတော့မှာ ဖြစ်ပါ တယ်။ ခြေစွမ်းအဆင့်အတန်းနဲ့ အောင်မြင်မှုရခဲ့တဲ့ အတွေ့အကြုံတွေကြောင့် မူလာကို ခေါ်ယူဖို့အတွက် ဥရောပ ကလပ်အသင်းအတော်များများ စိတ်ဝင်စားဖွယ် ရှိနေတာကြောင့် ဖီအိုရင်တီးနားအသင်းက လက်ဦးမှု ရဖို့အတွက် စတင်လှုပ်ရှားခဲ့တာပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ မူလာဟာ စီးရီးအေကို လာရောက်ကစားဖို့ စိတ်ဝင်စားမှု မရှိတဲ့အတွက် ဖီအိုရင်တီးနားရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။၂၀၀၈ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပရိုကစားသမားဘဝ စတင်ခဲ့တဲ့ မူလာဟာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၇၄၇ ပွဲမှာ ၂၄၈ ဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၁၂ ကြိမ်ရရှိထားတဲ့ မူလာဟာ အခုရာသီမှာ ၁၃ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။