ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ ဖလိုရီယန်ဝှစ်ကို စုစုပေါင်း တန်ကြေး ပေါင် ၁၁၆ သန်းနဲ့ခေါ်ယူဖိုအတွက် လီဗာပူးအသင်းသဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဝှစ်ဇ်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၁၀၀ ဖြစ်ပြီး ဆုကြေးနဲ့အခြားခံစားခွင့်တွေက ပေါင် ၁၆ သန်းဖြစ်ပါတယ်။ ဆုကြေးနဲ့အခြားခံစားခွင့်တွေကတော့ လီဗာပူးအသင်းအောင်မြင်မှုကို အခြေခံပြီး ပေးချေသွားရမှာဖြစ်ပါတယ်။ ဝှစ်ဇ်ဟာ အသက် ၁၇ နှစ်အရွယ်မှာ လေဗာကူဆင်အသင်းအတွက် စတင်ကစားပေးခဲ့ပြီး အသင်းအတွက် ၁၉၇ ပွဲမှာ ၅၇ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနဲ့လည်း ၃၁ ပွဲကစားပြီး ၇ ဂိုးသွင်းထားတဲ့ ဝှစ်ဇ်ကို လေဗာကူဆင်အသင်းက ပေါင် ၁၂၆ သန်း ဈေးခေါ်ထားလို ရီးရဲလ် နဲ့ ဘိုင်ယန်တို နောက်ဆုတ်သွားခဲ့ပေမယ့် လီဗာပူးကတော့ရအောင်ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။